သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲရုံးတွင် နံနက် ၁၁ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ” ပေါက်တဲ့ အသံအကျယ်ကြီးကြားရတယ်။ စီးတီးမတ်နားမှာ တော့ စစ်ဆေးမှုတွေလုပ်နေတယ်၊ ကားလမ်းတောင်ခဏပိတ်ထားလို့ ဗဟိုလမ်းဘက်က သွားနေရတယ်” ဟု သမိုင်းလမ်းဆုံနားနေ ပြည်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။ အဆိုပါပေါက်ကွဲမှုဖြစ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးရှိသည်ဟု ကနဦး သိရပြီး လုံခြုံရေးတပ်ဖွဲ့၀င်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။ သမိုင်းလမ်းဆုံသည် ယခင်ကလည်း ဗုံးပေါက်ကွဲမှုများဖြစ်နေသည့် နေရာတစ်နေရာလည်းဖြစ်သည်။
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed